မောင်.အတွက်



မောင်
အများပြောတဲ့ သားချောမဟုတ်ပေမယ့်
အရာရာသော သူတို့ထက်
သာလွန်ပါတဲ့မောင်

မောင်
အများအတွက်
ပြောစမှတ်မရှိပေမယ့်
ကျမအတွက်တော. အတောမသတ်တဲ့
အချစ်တွေနဲ့ ရှိနေတဲ့မောင်


မောင်
သူတလူငါတမင်း
လူမင်းတွေရှိနေလဲ
အရာရာ မင်းသဘော
ရှေ့တန်းတင်ပေးတဲ့မောင်

မောင်
ငွေကြေးတွေ ပုံအောမပေးလေပေမယ့်
တန်ဖိုးအကြီးဆုံး စိတ်ဓါတ် ရတနာကို
ပိုင်ဆိုင်ပါတဲ့မောင်
မောင်ရေ……….
ဒီဘ၀မှာ ကံကောင်းလှတဲ့ကျမ
နောင်များလည်း ကံကောင်းချင်ရဲ့မောင်ရယ်
အရာရာတိုင်းထက်
မောင်ဆိုတာ
အရိပ်လို စေစားနေလေရဲ့
ကျေးဇူးပြုပြီး အချစ်တွေ ပိုပိုတိုးလာတဲ့အတွက်
နေပြင်းပြင်းကြီးတော့် မပူချလိုက်ပါနဲ့နော်
ကျမအချစ်သစ်ပင်လေး နေဒါဏ် မခံနိုင်မှာစိုးလို့ပါ မောင်ရယ်
..........................................................။..............................................................
 တောင်ပေါ်သူလေး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...