လေနှင်ရာလွင်.သူ


ယုံကြည်မှု တည်ဆောက်ထားတဲ. အချစ်တစ်ခု
လေတစ်ချက်တိုက်ရုံနဲ. ပြိုပျက်သွားသတဲ.လား? ချစ်သူ
အကြွင်းမဲ.ယုံထားမှုလေးတွေ အလွဲသုံစား လုပ်ရက်ခဲ.တယ်
ထားရာနေ စေရာသွား အနားမှာ အဆင်သင်. ရှိနေပေမယ်.
နင်အလေးအနက် မထားခဲ.ဘူး
နှလုံသားမှာ ဒဏ်ရာများစွာ ပေးရစ်ခဲ.တဲ. နင်.ကို
နာကျင်အောင် မေ.ပစ်ချင်ပေမယ်.
မပြတ်သားတဲ. သံယောဇဉ်ကြိုးတွေက ရစ်ပတ်နှောင်တွယ်ဆဲမို. မုန်းမရခဲ.ပါဘူး
နင်ထားခဲ.တဲ. ဒဏ်ရာ နှလုံသားကရေခန်းသွားတဲ. မြစ်တစ်စင်းလို
ခြောက်ကပ်ကွဲအက် ကျန်ရစ်ခဲ.ရတယ်
နင်ချန်ခဲ.တဲ. ဒဏ်ရာ ရင်ခွင်က ကြိုးတွေ ပြတ်တောက်သွားတဲ.စောင်းတစ်လက်လို
အသံမဲ. တိတ်ဆိတ် ငြိမ်သက်နေခဲ.ရတယ်
ရင်ထဲက အမှန်တကယ်လာတဲ. အလွမ်းတွေကို
ရင်ဘတ်ကတစ်ဆင်. ကဗျာတွေ အဖြစ်
နှလုံးသားပေါ်မှာ ရေးစပ်ပေးထားမယ်
နင်.နှလုံးသားနဲ. လာဖတ်ပေးလှည်.ပါ ချစ်သူ.......။
...................................။...................................

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...