ဆုတောင်းတိုင်းသာပြည်.ရင်

လူတိုင်းနဲ့ သက်ဆိုင်ပေမယ့်
ကျေမချစ်တဲ့အချစ်တွေက
မောင် တစ်ယောက်နဲ့ပဲ သက်ဆိုင်ပါတယ်မောင်
အသက်!
လူတိုင်းအသက်ရှုနေတာ မှန်ပေမယ့်
မေ ရှုသွင်းလိုက်တဲ့ လေတိုင်း
မောင်ဆိုတဲ့ ချစ်ရနံ့လေး
အမြဲပါဝင်နေတယ်ဆိုတာ
မေ ကိုယ်တိုင်မေပဲ သိပါတယ်မောင်
မေ့ရဲ့ မနက်နိုးထတိုင်း
မောင်ဆိုတာနဲ့ အစပြုသလို
မေ့ရဲ့ မျက်စိမှိတ်လို့ အိပ်စက်ချိန်တိုင်း
မောင် ဆိုတဲ့ ချစ်သူမောင်က
နေရာ ယူနေတယ် မောင်ရယ်
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်
မောင်နဲ့ တစ်ဘ၀လုံး တွဲလက်မဖြုတ်ပဲ
လက်တွဲလျှောက်လှမ်းနိုင်ပါစေသား!!!
ဘ၀ဆက်တိုင်း
ကိုယ့်ကိုချစ်သောသူ
ကိုယ်က ချစ်သောသူ နှင့်သာ
ဘ၀ခရီးတစ်လျှောက် လျှောက်လှမ်းရပါစေသား!!!

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...