ရှင်သန်နေမှာပါ

ကဗျာဟာ
ခံစားချက်ရဲ.ပြတင်းပေါက်ဆိုရင်
ငါ.ကဗျာတိုင်း
နင်.အတွက်ရည်ရွယ်တယ်
သီချင်းဟာ
နှလုံးသားရဲ့ သံစဉ်ဆိုရင်
ငါဆိုညည်းတဲ့ သီချင်းတိုင်း
နင်.အတွက် ရည်ညွှန်းတယ်။
အလွမ်းဆိုတာ
သတိရမှုရဲ့ ပြယုဂ်ဆိုရင်
ငါ့စိတ်တခုလုံး
နင်.ဆီမှာ ပုံထားတယ်။
အချစ်ဆိုတာ
ဘ၀ရဲ့ အရေးကြီးတဲ့တစိတ်တပိုင်းဆိုရင်
ငါ့ရင်ထဲမှာရှိတဲ့
သံယောဇဉ်တိုင်းဟာ
နင်.အတွက်ပါ
ထာဝရရှိနေပါတယ်
ဒါပေမယ်... ....အချစ်ဆိုတာ
ဆုံတွေ့ခွင့်ရှိမှ
ရှင်သန်နေတာ မဟုတ်ပါဘူး
ငါ့ရင်ထဲမှာ နင်.ကို
အမြဲတမ်းတ အမှတ်ရနေမယ်
နင်.ရင်ထဲမှာလဲ ငါ့ကို
အမြဲတမ်းတ
အမှတ်ရနေမယ် ဆိုရင်
ဘယ်လောက်ဝေးဝေး
ရှင်သန်နေမှာပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...