
ဘာကတိမှမပါဘဲ
ခိုင်မြဲတဲ့ သံယောဇဉ်ကြိုးနဲ့
ချည်နှောင်တယ်
ဘာပယောဂမှ မပါဘဲ
မြတ်နိုးခြင်း သက်သက်နဲ့
တွယ်တာတယ်
ဘာပကာသနမှ မပါဘဲ
ရိုးသားခြင်းနဲ့
ပြီးပြည့်စုံတယ်
ဘာအဉ္ဇတမှ မပါဘဲ
ချစ်ခြင်းတရား ကိုယ်စီ
နှလုံးသားမှာ ကမ္ဗည်းတင်တယ်
တို.နှစ်ယောက်ကြားမှာနောက်ထပ် ဘာများ လိုနေသေးလဲ အချစ်ရယ်
ပေါင်းစပ်ခွင့် ကံတရားက
ကိုယ်တို့အတွက် မဟုတ်ခဲ့ရင်တောင်
သိပ်ချစ်နေကြဆဲ ချစ်မြဲ ချစ်လျက်ပါပဲ
No comments:
Post a Comment