ဒဏ်ရာရနှလုံးသား

ချစ်သူ..
လှည့် မကြည့် နဲ့  ထွက်သွားပါ
ချစ်ခဲ့ တဲ့  အသည်း ကွဲစမ်းပါစေ
ငါ.အသည်း နင်.အတွက်ဆိုပြီး
ပေးခဲ.ပြီးပါပြီ 
ချစ်သူ......
တစ်စစီကြိုးပဲ့ နေတဲ့ အိမ်မက်
လိုက်လံပြီးတော့  ကောက်မနေတော့ ဘူး
ဖြစ်မလာတဲ့  အရိပ်
ဆွေးရိပ်မှာတော့  တွေးမနေချင်ဘူး
ချစ်သူ....
အေးစက်တဲ့  ညအမှောင်
ငေးကြောင်ကြောင် ငါ့ တစ်ယောက်တည်း
ပြောမိတဲ့  စကားတွေကြား
ငါ့  အမှားတွေ ချည်းပဲလား
မခေါ်ပဲ ရောက်လာတဲ့ 
ဒဏ်ရာ ...............
ပုန်းကွယ်ရမလား
ခုခံ ရမလား မသိပေမဲ့ 
ရင်ထဲမှာ တဆစ်ဆစ်နဲ့ 
အဆိပ်တက်...........
အိမ်မက်တွေ ကြားမှာ
ခုတော့  ငါ့ တစ်ယောက်တည်း
ယောင်လည်လည်ပါပဲ..........

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...